Home News & Updates News ကရင်ရိုးရာလက်ဝှေ့ ဆိ�...

ကရင်ရိုးရာလက်ဝှေ့ ဆိုသည်မှာ……

February 25th, 2016  •  Category News  •  Author: KECD Staff

………………………………………………

ကရင်ရိုးရာလက်ဝှေ့ ဟူသောဝေ့ဟာရကို စတင်ကြားနာရသူများမှာ မှင်တက်ကုန်ကြသည်။ အချို့က လက်မခံ ငြင်းဆန်ကြသည်။ အချို့က ထွင်လုံးတစ်ခုအဖြစ်မှတ်ယူပျက်ရယ်ပြုကြသည်။ ထူးဆန်း သောကိစ္စရပ်တော့ မဟုတ်ပေ။ လူဟူသည်မှာ မိမိမှန်သည်ထင်ရ သောကိစ္စရပ်များ၏အပမှအရာများကိုရုတ်ချည်းလက်ခံရန်ခဲယဉ်း တတ်သည့်သဘာဝရှိသည်။ ထို့အပြင် ကရင်ရိုးရာလက်ဝှေ့ မရှိဟု ထင်မြင်ထားသောမူလ Mindset အခံကြောင့်လက်မခံနိုင်ပဲဖြစ် နေရသည်။

အကောင်းဆုံးသော ဖြေရှင်းနည်းမှာ ကရင်ရိုးရာလက် ဝှေ့၏ဂုဏ်အင်္ဂါအစိတ်အပိုင်းများကို မီးမောင်းထိုး ချပြရန်သာဖြစ်သည်။ ဤသို့ဤနှယ်အချက်အလက် အကျိုးအကြောင်းသက်သေ သာဓကမပြပဲ ကရင်ရိုးရာ လက်ဝှေ့ ဟုကြွေးကြော်ခြင်းသည်အဓိ ပ္ပါယ်မဲ့ပေမည်။ ချပြရှင်းလင်းပါလျက်မှလက်မခံလျှင်လည်း သူ့သ ဘောသူဆောင်ခြင်းသာဖြစ်၍မူလ ကရင်ရိုးရာလက်ဝှေ့၏ဂုဏ်သိ က္ခာကိုထိခိုက်ရန်အကြောင်းမရှိပါ။ ကရင် ရိုးရာလက်ဝှေ့အကြောင်း ကိုရှင်းပြပါမည်။

၁။ ကရင်ဘာသာစကားဖြင့် လက်ဝှေ့ဟူသောဝေါဟာရရှိသည် ကမ္ဘာဦးမှစ၍လူသားမျိုးနွယ်စုတို့တွင် ကိုယ်ပိုင် အလေ့အထ များအတွက်ကိုယ်ပိုင်ဝေါဟာရများ ကိုယ်စီရှိကြလေသည်။ ကရင် ဘာသာစကားတွင်လည်း ထိုးကြိတ်ကန်ကျောက်သည့်လက်ဝှေ့ နှင့်လုံးထွေးဖွတ်လှဲသည့်နပန်း ပညာများအတွက်သီးခြားအခေါ်အ ဝေါ်ဝေါဟာရများရှိနေပါသည်။ ထိုင်းလက်ဝှေ့ကိုမွေထိုင်းဟုခေါ် သကဲ့သို့ ကရင်ရိုးရာလက်ဝှေ့ကိုလည်း ကရင်ဘာသာဖြင့်အခေါ် အဝေါ်ရှိနေပါသည်။

လူသားများဖွံ့ဖြိုးလာမှု သဘောတရားအရ မူလမိမိမျိုးနွယ်အ တွင်းရှိပြီးသားအရာများအတွက် အခေါ်အဝေါ် အမည်နာမရှိသော် ညားလဲ အခြားလူမျိုးထံမှ ရရှိသိမြင်ရသည့်အရာများကိုမူ ဘာသာ စကားမွေးစား သုံးစွဲကြရသည်။ ဥပမာအားဖြင့် လှည်းကိုမြန်မာလို လှည်းဟုသာခေါ်ဝေါ်သော်လည်း စက်တပ်ယဉ်ကားကိုမူ Car ဟုသာမွေးစားခေါ်ဝေါ်ရပေသည်။ အကြောင်းမှာ ကားသည်မြန်မာ့ ငယ်မွေးခြံပေါက်မဟုတ်၍ဖြစ်သည်။ ကရင်လူမျိုးတွင် ကရင်ဘာသာဖြင့်လက်ဝှေ့ ကိုအခေါ်အဝေါ် ဝေါဟာရရှိခြင်းက ကရင်ရိုးရာလက်ဝှေ့ရှိခြင်း ၏သာဓကတစ်ခု ဖြစ်ပေသည်။

၂။ ကရင်ရိုးရာလက်ဝှေ့သည် ပွဲကျောင်းပညာ၏ မျိုးဆက်မဟုတ်ပါ မြန်မာရိုးရာလက်ဝှေ့သည် ပွဲကျောင်း ဘုန်းကြီးများထံမှပြန့်ပွားခဲ့ သဖြင့် မြန်မာပြည်အရပ်ဒေသအသီးသီးရှိ တိုက်ခိုက်ရေးပညာများ ကိုပွဲကျောင်း အဆက်အနွယ်များ အဖြစ်သာသိမ်းကျုံးမှတ်ယူတတ် ကြပြန်သည်။ အမှန်တွင်ပွဲကျောင်းများ ခေတ်ကောင်းစဉ် က အနော်ရထာမင်း ၏ အာဏာစက်သည်ပွဲကျောင်း အပေါ်မကျော်လွှားနိုင်ခဲ့ ထို့အတူ သုဝဏ္ဏဘူမိသို့လဲ မရောက်ရှိသေးပါ။

ပွဲကျောင်းလက်ဝှေ့သည် မြန်မာဒေသ ပုဂံမှသည် မွန်ဒေသ သုဝဏ္ဏဘူမိကိုကျော်လွှား၍ ကရင်တို့ ထံပျံ့နှံ့ရန် ယုတ္တိဗေဒအကြောင်း တစ်စုံတစ်ရာမရှိပါ။ ကရင်ရိုးရာလက်ဝှေ့ကိုကရင်တို့ဖာသာ လေ့ကျင့်ကစားနေ သည်မှာ ပွဲကျောင်းနှင့်အပြိုင် မက ပို၍ပင်စောပါသေးသည်။ ပုဂံ ခေတ်နံရံဆေးရေးပန်းချီတွင် နပန်းသတ်ဟန်ရုပ်ပုံနှင့် လက်ပန်း ပေါက်ဟန်ရုပ်ပုံသက်သေများသာတွေ့ရှိရသည်ဖြစ်၍လက်ဝှေ့က နဦးလက်ပန်းပညာအဆင့်သာ ရှိသေးကြောင်းလဲသုံးသပ်ရပါသည်။ ကရင်ရိုးရာလက်ဝှေ့မှာမူ သားရေကျက်တူရိယာများမပေါ်မီက ပင် မြေပြင်တွင်ဝါး လုံးအတိုအရှည်ဆောင့်ဆိုင်းသံပေးကာထိုး သတ်နေပြီဖြစ်သည်။

၃။ သမိုင်းမတင်မီခေတ်ကတည်းက ကရင်ရိုးရာလက်ဝှေ့ ရှိခဲ့သည် လူ့သမိုင်းတွင်ဦးဆုံးသော ကိုးကွယ်မှုမှာ မိရိုးဖလာနတ်ကိုး ကွယ်မှုဖြစ်သည်။ ထို့နောက်တွင်မှ ဘာသာတရားကြီးလေးခုအစဉ် လိုက်ထွန်းကား လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားတို့မိရိုးဖလာ ကိုးကွယ်မှုမှဗုဒ္ဓဘာသာ ပြောင်းလဲလာခဲ့ပုံမှာလဲဦးစွာ သုဝဏ္ဏဘူမိ သထုံပြည်သားမွန်တို့မှာဦးဆုံးဖြစ်သည်။ ထိုအချိန်နှင့်ခေတ်ပြိုင် ဇွဲယျ၊ ပိုင်တရောင်ဒုံ အစရှိသည့် ကရင်မင်းနိုင်ငံများတွင်လဲ ဗုဒ္ဓသာသနာထွန်းကားနေပြီးဖြစ်သည်။ ထို့နောက်မှပုဂံတွင်ရှင်အရဟံ ကျေးဇူးဖြင့် ဗုဒ္ဓဘာသာ ကူးပြောင်းသွားခဲ့သည်။

ထိုသို့ဗုဒ္ဓဘာသာမြန်မာပြည်တွင်း မထွန်းကားမည် သမိုင်းမတင် မီခေတ်များတွင် ကရင်လူမျိုးတို့သည် ဖီဗုယော် (Pee Bee Yaw) ( စပါးစောင့်နတ် ) ပူစော်ချိန်တိုင်း ကရင်ရိုးရာလက်ဝှေ့ ကိုထိုးသတ်ကြပါသည်။ သီး ခြားဖြစ်သော ဓလေ့ ထုံးစံ များလည်း ပါဝင်ပါသည်။ ဥပမာအားဖြင့် ထိုးသတ်မည့်တွဲဆိုင်းတွဲသည့် စနစ် ဖြစ်သည်။ ကရင် ရိုးရာ လက်ဝှေ့ ထိုးသတ်မည့်မောင်များသည် ဖီဗုယော် (Pee Bee Yaw) နတ်ပူဇော်ရာတလင်းပြင် အနီးအနားရှိလက်လှမ်းမီရာ အရာဝတ္ထု ပစ္စည်းတစ်ခုခုကိုကောက်ယူကို ဆောင်ထား ရသည်။

ဒိုင်လုပ်သူ ကပစ္စည်းအမျိုးအမည်ခေါ်ဆို၍ တွဲဆိုင်တွဲ ထိုးသတ်စေသည်။

သင်သည်ကောက်ရိုး တစ်ဆုပ်လက်ထဲတွင် ဆုပ်ကိုင်ထားမိပါက ကောက်ရိုး အတွဲထိုးသတ် ရန်ခေါ်ယူလျှင် အခြားသောကောက် ရိုးကိုဆုပ်ကိုင်ထားသူတစ်ဦးက သင်နှင့်ယှဉ်ပြိုင်ထိုးသတ်ရန် တလင်း ပြင်သို့ဝင်ရောက်လာမည်ဖြစ်သည်။ အသက်အရွယ်၊ ကိုယ်ခန္ဓာအရွယ်အစား၊ လက်ရည်အနိမ့်အမြင့်ကိုကြည့်၍ တွဲ ဆိုင်းဆင်ပေးခြင်းမဟုတ်၍ ကံတရားအပေါ် သတ္တိရှိရှိရင်ဆိုင် ခြင်းက ကရင်ရိုးရာလက်ဝှေ့ ၏အနှစ် သာရဖြစ်သည်။

၄။ လက်ဝှေ့ရေးပြပုံချင်းမတူညီပါ ကရင်ရိုးရာလက်ဝှေ့ရေးပြရာတွင် မြန်မာလက်ဝှေ့နှင့်ဆင်တူ သယောင်ထင် ရသော်လည်း မတူညီပါ။ သမန်းကျား၊ ဝမ်ချိုင်းတို့ သည်ဒုံးကဟန်ပါသောလက်ဝှေ့ရေးများပြသ၍ ဖေါ်ထုတ် ခဲ့ဖူးပါသည်။ ကရင်ရိုးရာလက်ဝှေ့နှင့်ဒုံးအကသည် နက်နက်နဲနဲဆက် သွယ်လျက်ရှိသည်။ ကရင်ရိုးရာလက်ဝှေ့ သတ်ကွက်များကိုဒုံး အကထဲတွင်ဟန်အဖြစ်ထည့်သွင်းကခုန်ခြင်းဖြစ်သည်။

အထူးသ ဖြင့် အမျိုးသားအကတွင် ရပ်လျက်သတ်ပုတ်နည်းများပါဝင်ပြီး အမျိုးသမီးကကွက်တွင် ထိုင်လျက် သတ်ပုတ်နည်းများ ပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာလက်ဝှေ့ရေး သီးခြားပြသသော ဆအိုင်လောင် ဟူသည့်ပွဲတော်လဲရှိသည်။ အပူးအချုပ် တိုက်ကွက်များအတွက်ကြံ့ခိုင်အောင်လေ့ကျင့် သောနည်းမှာမူ ပျားဖွတ်ကစားနည်းအဖြစ်သီးခြားခွဲထွက်သွား ပြီဖြစ်သည်။

၅။ ဆင်တူယိုးမှားရှိခြင်းကြောင့်ရောထွေးထင်မြင်ခံခဲ့ရသည် ကမ္ဘာ့တိုက်ခိုက်ရေးပညာများတွင် သိုင်းကွက်ပုံစံ မပါဝင်သော အတိုက်ဦးစားပေးပညာရပ်များသည် တမျိုးနှင့်တမျိုးဆင်တူသ ယောင်ထင်ရလေ့ရှိသည်။

ဥပမာအားဖြင့် မြန်မာလက်ဝှေ့ ထိုင်း လက်ဝှေ့ ကမ္ဗောဒီးယားလက်ဝှေ့တို့သည် လက်ဝှေ့ရေးပြဟန်ကို မကြည့်ရလျှင် ယှဉ်ပြိုင်တိုက်ခိုက်ကြပုံများမှာ ဆင်တူယိုးမှားဖြစ်နေ တတ်ပါသည်။ ထိုအထဲတွင် မီဒီယာအားအနည်းဆုံး ကရင်ရိုးရာလက်ဝှေ့မှာ အခြားသောပညာပြိုင်ပွဲတို့ကြားတွင် အမည်မှေးမှိန် နေရခြင်းဖြစ်သည်။

ကရင် ရိုးရာ လက်ဝှေ့ ကျွမ်းကျင်သူ နှင့် ကရင် ရိုးရာ လက်ဝှေ့ အကြောင်း နားလည်သော ကရင် ပညာရှိ သုတေသီ တို့ ရဲ့ ဖြေရှင်းချက်များဖြစ်သည်။

Karen Traditional Boxing

ကရင် ရိုးရာ လက်ဝှေ့

Photo: They are all Karen Lethwei Fighter (Boxing)

https://www.facebook.com/karentraditionalboxing/