Home News & Updates News ၃ နှစ်တာ မဟာဗျူဟာလုပ်�...

၃ နှစ်တာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အတူ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) ပရိုဖိုင်

May 6th, 2024  •  Category News  •  Author: KECD

မိမိတို့၏ ၃ နှစ်တာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အတူ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) ပရိုဖိုင်အား တင်ပြခြင်း

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအနေဖြင့် ကျွန်ုပ်တို့၏အသိုင်းအဝိုင်းအကျိုးကိုထမ်းဆောင်ရန်နှင့် ကော်သူးလေ၏တန်ဖိုးများကို မြှင့်တင်ရာတွင်အထောက်အကူဖြစ်ရန်တက်စွမ်းသမျှလုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ဌာနဖွဲ့စည်းပုံမှတစ်ဆင့် မိမိတို့သည်လူတစ်ဦးချင်းစီစွမ်းဆောင်ရည်အားတိုးတက်စေကာ စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးပြီး အပြုသဘောဆောင်သော အသွင်ကူးပြောင်းမှုများကို ဦးဆောင်ပေးနိုင်ရန်ဖြစ်သည်။
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ၏ ၃ နှစ်တာ မဟာဗျူဟာသည် ပညာရေးအားဖြင့် ကရင်အသိုက်အဝန်းကို မြှင့်တင်ရန် အာရုံစိုက်ပါသည်။ ထို့အပြင် ကော်သူးလေကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အလမ်း များ ၊ကော်သူးလေမျိုးဆက်သစ်လူငယ်များအတွက် ကရင်အမျိုးသားကောလိပ် တည်ထောင်ခြင်း လုပ်ငန်းများ၊ KECD ၏ ပညာရေးစီမံအုပ်ချုပ်မှုစနစ် မြှင့်တင်ခြင်းများ အပါအဝင် လုပ်ဆောင်ချက်များစွာပါဝင်ပါသည်။

ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာ၊ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ဖွဲ့စည်းပုံများအကြောင်းကို ပိုမိုသိရှိနိုင်ရန် ဝေမျှထားသည့်ပရိုဖိုင်သို့ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။